မိမိ၏ Forex Trading Robot အား Pro တယောက်လိုခိုင်းနည်း

မိမိ၏ Forex Trading ROBOT အား Pro တစ်ယောက်လိုခိုင်းစား
နည်း ( Robot Trading လုပ်သူတိုင်းအားဖတ်စေချင် )
Forex မှာ Robot Trade လုပ်သူများအနေဖြင့် Deposit ထည့်ပြီး Robot ဖြင့်ချိတ်ပေးလိုက်လျှင် ကိစ္စပြီးပြီဟုထင်ကြပါတယ် .. တစ်ကယ်တော့မပြီးပါဘူးဗျာ .. ဆိုင်ကယ် မမောင်းတတ်သူကို ဆိုင်ကယ်ဝယ်ပေးလိုက်သလိုပါပဲ .. မစီးတတ်စီးတတ်နဲ့စီးရင် မှောက်ဖို့များသလို Robot Trade မှာလည်း ခဏတာအမြတ်ရပြီး ကုန်ဖို့သာများပါတော့တယ် ....
ကဲဒါဖြင့် ကျွန်တော်တို့လက်ထဲမှာ Robot ရှိနေပြီဗျာ Risk လည်းကင်းအောင် အရင်းနည်းနည်းနဲ့ အမြတ်အများကြီးထွက်အောင် Pro တစ်ယောက်လိုခိုင်းစားဖို့အကြံဥာဏ်တွေဝေမျှပါ့မယ်.. ဆိုင်ကယ်စစီးတတ်လာပြီဆိုရင်တောင် ဆိုင်ကယ်ရဲ့အထာကိုတော့ နပ်အောင်လုပ်ရဦးမယ်မလား ?? သည်တော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့သုံးမယ့် Robot ရဲ့အထာကိုနပ်နေဖို့လိုသဗျ ... မဟုတ်ရင် Forex Market မှာ အလံဖြူပြသွားမယ် . :D အိုကေဗျာ ..  Robot User တွေအနေနဲ့ အောက်ပါ အချက်တွေအတိုင်း ၁ လ ခန့်အချိန်ယူလေ့ကျင့်သွားကြည့်ပါ ... မိမိခါတိုင်းရနေတဲ့ အမြတ်အစွန်းထက်ပိုရလာသလို .. ပိုပြီးလည်း Risk ကင်းသွားမှာပါ .. ၁ လဆိုတစ်လတည်းပါဗျာ ... အချိန်မပေးနိုင်လို့ Robot Trade လုပ်ပါတယ်ဆိုမှ လေ့လာရဦးမှာလားဗျာဆိုပီးမလုပ်ပါနဲ့ .. ခင်ဗျားအတွက် စေတနာနဲ့လက်အညောင်းခံရေးပေးတယ်သာမှတ်ပါဗျာ :D ခုဖော်ပြမ့်အရာတွေအားလုံးခင်ဗျားမှာပြည့်စုံလာရင် ခင်ဗျားအမြတ်အစွန်းအကြီးကြီးရလာပီဆိုတာသေချာပါတယ် :)
- Forex Trading ၏ အခြေခံသဘောသဘာဝကိုသိရှိလေ့လာခြင်း
Robot Trading လုပ်မယ့်သူတစ်ဦးအနေနဲ့ အထက်က ပြောခဲ့သလို Deposit လေးထည့် Robot လေးနဲ့ချိတ်ပြီးပီးသွားပြီမထင်ပါနဲ့ တစ်ကယ့်ကိုမပြီးပြတ်သေးပါဘူး .. Forex ရဲ့ အခြေခံတွေဖြစ်တဲ့ Fundamental Analysis ( FA ) သတင်းအချက်အလက်စောင့်ကြည့်လေ့လာနားစွင့်ခြင်း နဲ့ Technical Analysis ( TA ) Forex Market ရဲ့ Candle Stick နည်းပညာကိုလေ့လာခြင်းဆိုတဲ့ အခြေခံ ၂ ခုကို ခပ်ပါးပါးလေး တတ်ရုံနဲ့ Forex Robot Trading လုပ်ဖို့အတွက်အတော်အသင့် လုံလောက်နေပါပြီ ... ခပ်ပါးပါးလေးဆို တစ်ကယ့် ခပ်ပါးပါးလေးပဲနော် ;) FA ကတော့ အမြဲတမ်းနားစွင့်နေသင့်တယ်ဗျ .. ခင်ဗျား Robot Trade နေရင်းနဲ့ တစ်ခါတစ်လေ Floating မိတယ် ( အနှုတ်တွေအရမ်းပြ ) တာမျိုးကြုံဖူးတယ်မလား ? အဲဒါ ခင်ဗျား Floating မိနေတဲ့ Currency Pair မှာ FA ရှိနေလို့ဗျ။ ဒါကိုခင်ဗျားနားလည်ထားရမယ်။
- Forex Trading ရဲ့အခေါ်အဝေါ်များကိုနားလည်ခြင်း
Forex Robot Trading စလုပ်တာနဲ့ Forex ရဲ့ အခေါ်အဝေါ်တွေကိုလေ့လာထားရမယ် .. TP  , SL , Margin , Floating , Equality , Balance .. စသဖြင့် ဒါတွေကိုတော့ ဘယ်နေရာမှာ ဘယ်လိုအသုံးဝင်တယ် အသုံးပြုရတယ်ဆိုတာနားလည်ထားရမယ်။ Robot Trade သာလုပ်နေတာ အဲဒါတွေနားမလည်ထားသူတွေအများကြီးတွေ့နေရတယ် .. မြတ်ရင် ဘာကြောင့်မြတ်မှန်းမသိ .. ရှုံးရင် ဘယ်နေရာမှာရှုံးသွားမှန်းမသိ မဖြစ်စေရပါဘူး။ ကျွန်တော်တို့နားလည်ထားဖို့လိုအပ်ပါတယ်။
- မိမိအသုံးပြုနေတဲ့ Trading Robot ကို Analysis လုပ်ခြင်း
ကျွန်တော်အပါအ၀င် Robot အသုံးပြုသူ တော်တော်များများလုပ်တတ်ကြတာက Trading Robot အသစ်ထွက်တယ်ဆိုရင် လူ့သဘာဝအရ သုံးကြည့်လိုက်ရမှ ဆိုတာမျိုးဗျ ..Internet မှာ Forex Trading Robot တွေ သောင်းဂဏန်းကျော်ရှိပါတယ်... Free ရတာကစလို့ ဒေါ်လာ 50 100 200 500 1000 , 5000 USD စသဖြင့် ဈေးအစားစားရှိကြသလို Robot တွေရဲ့ စွမ်းဆောင်ချက် အားနည်း အားသာချက်တွေကလည်း တစ်ခုနဲ့တစ်ခုမတူညီပါဘူး .. ဘာလို့မတူသလဲဆိုရင် Robot ဆိုတာ Trader တစ်ဦးရဲက ဦးနှောက်က လာတဲ့ Trading Method တွေကို Coding အဖြစ်ဖန်တီးပီး Compile လုပ်ထားတဲ့ ex4 ဖိုင်အမျိုးအစားဖြစ်ပါတယ်။ သည်တော့ ကျွန်တော်တို့သည် အောင်မြင်တဲ့ Robot Trader တစ်ဦးဖြစ်ဖို့ မိမိအသုံးပြုနေတဲ့ Robot တစ်ခုကို အနည်းဆုံး  ၄ လခန့်အချိန်ပေးပြီး Floating ဘယ်လောက်အထိတက်သလဲ ?? ဘယ် Setting က ဘယ်လို အသုံးဝင်သလဲ ?? ဘယ်အတွဲမှာ Deposit ဘယ်လောက်အထိခံနိုင်မလဲ ??? စဖြင့် Robot ရဲ့ Setting ပေါင်းစုံကို အချိန်ပေးပြီး လေ့လာရပါမယ် .. တစ်နည်း... အတွေ့အကြုံ အကြီးးးကြီးယူရပါမယ် . ဒါဟာ Robot Trader တစ်ဦးအတွက် မလုပ်မဖြစ်လုပ်ရမယ့် လေ့လာမှုကြီးတစ်ခုဖြစ်ပါတယ်။ သည်လို လုပ်ခြင်းဖြင့် Risk ကိုပိုရှောင်တတ်လာမယ် .. အမြတ်အစွန်းအကြီးကြီးထွက်လာပါလိမ့်မယ်
- အတူတစ်ကွ ဆွေးနွေးတိုင်ပင်ခြင်း
Robot Trader များအတွက် သက်ဆိုင်ရာ Group Chat များကို Admin များက လုပ်ပေးလေ့ရှိကြပါတယ် .. ရည်ရွယ်ချက်က User အခြင်းခြင်းးအတွေ့အကြုံတွေဖလှယ်ကြဖို့ပါ ဆွေးနွေးကြဖိုပါ။ ဒါပေမယ့် User တော်တော်များများက Group Chat ထဲရှိနေပေမယ့် ၀င်ရောက်ဆွေးနွေးခြင်းမပြုကြသလို အခြားသူဆွေးနွေးချက်တွေကိုလည်း စောင့်ကြည့်နေလေ့မရှိပါဘူး။ ဒါဟာအောင်မြင်တဲ့ Robot Trader ဖြစ်လာနိုင်စရာမရှိတဲ့အခြေအနေဖြစ်သလို .. ဆုံးရှုံးမှုဖြစ်ဖို့အတွက်လည်းအလွန်လွယ်ကူပါတယ် ... Group Chat မှာဆွေးနွေးတဲ့ ဆွေးနွေးချက်များလောက်တန်ဖိုးရှိတာဘယ်နေရာမှမရှိတာအမှန်ပါပဲ။ ဆွေးနွေးရာတွင်လည်းရှက်နေဖို့မလို .. ရွံ့နေဖို့မလိုအပ်ပါဘူး.. ဘာမှမသိလိုဝင်မပြောခြင်းဟာ ပိုလို့တောင်ဆိုးပါသေးတယ်ဗျာ။
- Trading Robot အား Strategy Tester ဖြင့်စမ်းသပ်ခြင်း
MT4 မှာ Expert Advisor ကိုတစ်ရားဝင်ထည့်သွင်းပေးထားလို့ Robot အသုံးပြုနိုင်သလို .. Robot ကိုစမ်းသပ်ဖို့လည်း Strategy Tester ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ အဲသည် မှာ ကျွန်တော်တို့အသုံးပြုတဲ့ Robot ကို ရက် လ နှစ် အလိုက်စိတ်ကြိုက်ကန့်သတ်ပြီး Robot ကောင်းသည်မကောင်းသည် .. အရှုံးရှိမရှိကို စမ်းသပ်မောင်းနှင်ကြည့်နိုင်ပါတယ်။ MT4 မှာ Build In ပါလာတဲ့ Strategy Tester ဟာ 90 % မှန်ကန်မှုရှိပါတယ် .. Strategy Tester ကို 99% မှန်ကန်တဲ့ Result ရဖို့ဆိုရင် Trick Data Suite ကိုအသုံးပြုနိုင်ပါတယ် ... Trial ဖြင့်ရသလို ၀ယ်မယ်ဆိုရင် 100 USD ၀န်းကျင်ကျသင့်မှာဖြစ်ပါတယ်။ Trick Data Suite နဲ့စမ်းသပ်ရင်တော့ ပိုတိကျတဲ့ Result ထွက်ပါတယ်။ ( မကြာခင် စမ်းသပ်နည်း Video တင်ပေးသွားပါမယ် )
- Risk , Deposit & Money Management ထားခြင်း
မိမိသည် Robot Trade သည်ဖြစ်စေ Manual Trade သည်ဖြစ်စေ Deposit & Money Management သည်အလွန်အရေးကြီးပါတယ်။ ဒါမှလည်း Risk ကိုအကောင်းဆုံးလျော့ချနိုင်မှာဖြစ်ပြီး အမြတ်အစွန်းရနိုင်မှာဖြစ်ပါတယ် .. Robot Trade မှာ Management လုပ်မယ်ဆိုပါက အထက်မှာဖော်ပြခဲ့တဲ့တိုင်း Robot အား Analysis အရင်လုပ်ဖို့လိုအပ်ပါတယ် ဒါမှ Management လုပ်လို့ရမှာပါ။ Management ကျွမ်းကျင်လာသူတွေက USD 300 မှ 1500 သို့ တစ်လကျော်အတွင်းရအောင်လုပ်လာနိုင်သလို .. 1000 USD မှ 2500 USD သို့လည်း ၂ လနီးပါးဖြင့်ရသွားသူတွေ အများကြီးတွေ့ဖူးပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း Management မနိုင်ခင်အချိန်တုန်းက 2000 USD ကျော်ခန့် 10 မိနစ်အတွင်းကုန်သွားဖူးပါတယ် .. အဲသည်ကပေးတဲ့သင်ခန်းစာတွေကြောင့် အခုလို လေကြောရှည်နိုင်လာတာပါ :D
စာလည်းအတော်ရှည်နေပါပြီ ပြောပြချင်တာတွေကျန်ပါသေးတယ် နောက်အလျင်သင့်သလိုဝေမျှပေးပါမယ် အခုဟာလည်း အတော်လုံလောက်ပါတယ်.. အဓိက ပြောချင်တာက Robot Trader တစ်ဦးအနေဖြင့် .. ဘယ် Robot သည် ဘယ် Setting မှာ ဘယ်လောက် Lot size နဲ့ မည်သည့် Currency Pair မှာ ဘယ်လောက်အထိ Floating အမြင့်ဆုံးတက်ဖူးလဲဆိုတာကို Analysis သေချာလုပ်သင့်တဲ့အကြောင်း အကြံပေးလိုပါတယ်ဗျ။ ဒါမှ Deposit & Money Management ကိုအကောင်းဆုံးလုပ်နိုင်ပါလိမ့်မယ်ဗျာ။



မိမိ၏ Forex Trading Robot အား Pro တယောက်လိုခိုင်းနည်း မိမိ၏ Forex Trading Robot အား Pro တယောက်လိုခိုင်းနည်း Reviewed by NyeinChan on May 03, 2017 Rating: 5

5 comments

  1. A debt of gratitude is in order for this article extremely supportive. much appreciated. marketing

    ReplyDelete
  2. Reverse strategy is one of the most used binary option strategies for beginners worldwide. It is a very effective strategy that is quite easy to follow. But, you need to have a clear understanding of the market before you can start using it. You should know that any asset is subject to changes that happen in the market. One should be prepared to accommodate such changes into your strategy to ensure sustainability and consistent growth.

    ReplyDelete
  3. The creation of wealth is an achievable goal for everyone. There is nothing natural about being poor. It goes against the very tides of nature to have less than we need to lead happy, successful Coinmarketcap Making money is simple. There is nothing complex or mysterious about it. The definition of wealth is to be independently free from having to work to generate the income we need. To achieve this, we need income-generating assets that produce our earnings.

    ReplyDelete
  4. I got what you mean , appreciate it for posting .Woh I am pleased to find this website through google. thanksgivingdayonline.com/

    ReplyDelete
  5. It’s hard to find knowledgeable people about this topic, and you seem like you know what you’re speaking about! Thanks Halloween

    ReplyDelete

Post AD