WiFi အကြောင်း
What is WiFi?
WiFi ဆိုတာ Wireless Fidelityကိုအတိုကောက်ခေါ်တာပါ
WiFi သည် electronic device များကို 2.4 GHz (သို့) 5 GHz frequency သုံးကာ wireless LAN (WLAN) သို့ ဆက်သွယ်ပေးနိုင်သော နည်းပညာ ဖြစ်ပါသည်၊ WLAN (သို့) wireless LAN တခုကို ဝင်ရောက် သုံးဆွဲ နိုင်ရန် password လိုအပ်နိုင်သလို၊ အများသုံးဆွဲ ရန် အတွက် password မလိုအပ်သော WLAN များလည်းရှိနိုင်ပါသည်။
WiFi ဆိုတာ Wireless Fidelityကိုအတိုကောက်ခေါ်တာပါ
WiFi သည် electronic device များကို 2.4 GHz (သို့) 5 GHz frequency သုံးကာ wireless LAN (WLAN) သို့ ဆက်သွယ်ပေးနိုင်သော နည်းပညာ ဖြစ်ပါသည်၊ WLAN (သို့) wireless LAN တခုကို ဝင်ရောက် သုံးဆွဲ နိုင်ရန် password လိုအပ်နိုင်သလို၊ အများသုံးဆွဲ ရန် အတွက် password မလိုအပ်သော WLAN များလည်းရှိနိုင်ပါသည်။
Wi-Fi နှင့် သူ့အား အသုံးပြု ထား သော device များသည် Institute of Electrical and Electronics Engineers' (IEEE) 802.11 standards ကို လိုက်နာရန် လိုအပ်ပေသည်၊ Wi-Fi ကို အသုံးပြုထား သော device များတွင် ကွန်ပြူတာ၊ လက်တော့ပ်၊ တက်ဘလက်၊ စမတ်ဖုန်း၊ တီဗီ၊ ပရင့်တာ နှင့် တခြား အီလက်ထနောနစ် ကိရိယာ များ ပါဝင် နိုင်ပါသည်။
Wi-Fi အသုံးပြုသော device များသည် wireless local area network ( WLAN) နှင့် wireless access point (AP) တို့မှ တဆင့် အင်တာနက်ကို ဆက်သွယ် နိုင်ပေသည်၊ Access point (သို့) hotspot တခု ကို indoor မှ device များဖြင့် ဆက်သွယ်မည် ဆိုလျှင် 20 meters (66 feet) အကွာအဝေး ထိ ဆက်သွယ် နိုင်ကာ၊ outdoor မှာ ဆိုလျှင် တော့ ထို့ထက် ပိုနိုင်ပါသည်၊ အခန်းများ စွာ ဖြင့် ဖွဲ့ စည်းထားသော indoor unit တခုတွင် wireless signal သည် အခန်း၏ နံရံ၊ တံခါး များကို ဖြတ်ကျော် သွားရ မည် ဖြစ်သော ကြောင့် အားပျော့ သွားမည်ဖြစ်သည်၊ သို့သော် access point များ စွာ ကို repeater (သို့) wireless singal booster အဖြစ် အသုံးပြုကာ ပိုမိုကျယ်ဝန်းသော အိမ်၊ရုံး၊ကျောင်း၊ ကုမ္မဏီ များတွင် တွင် အသုံးပြုရန် အတွက် အားကောင်းသော wireless signal ကိုဖန်တီးနိုင်ပေသည်။
Wi-Fi သည် Ethernet ကဲ့သို့သော wirred network များနှင့် နှိုင်းယှဉ် လျှင် လုံခြုံမှု အပိုင်းတွင် အားနည်းပေသည်၊ ဤသည် မှာ လည်း wireless ဖြစ်သောကြောင့် wired network ကဲ့သို့ physical connection မလိုအပ်ပဲ၊ ချိုးဖေါက် နိုင်ခြင်းကြောင့်ဖြစ်ပေသည်၊ wireless traffic တခုကို intruder များက အလွယ်တကူ ကြားဖြတ်မယူနိုင်စေရန် အတွက် encryption technologies အမျိုးမျိုးကို သုံးဆွဲ လာကြသည်၊ စောပိုင်း ကာလ များတွင် အသုံးပြုခဲ့သော WEP ကဲ့သို့သော encryption မျိုးသည် ချိုးဖေါက်ရန် လွယ်ကူသောကြောင့် ပိုမိုကောင်းမွန်သော WPA, WPA2 အစရှိသည်တို့ကို အသုံးပြုလာကြပေသည်။
802.11 သည် Wi-Fi အတွက် standard (သို့) protocol ဖြစ်သော်လည်း၊ Wi-Fi ၏ မြန်နှုန်း (speed) ကို လည်း ပြောဆို ကိုယ်စားပြုနေကြပေသည်၊ ၁၉၇၇ တွင် စတင် သတ်မှတ် ခဲ့သော 802.11 သည် မြန်နှုန်း အမြင့်ဆုံး 2 Mbps ကိုသာ ကိုယ်စားပြုခဲ့ပေသည်၊ ၁၉၉၉ ဇူလိုင်တွင် အစပြုခဲ့သော 802.11b ၏ မြန်နှုန်းသည် 11 Mbps သာ ရှိခဲ့ပေသည်၊ ၎င်းနောက်တွင် ကပ်လိုက်လာသော 802.11a ၏ အမြင့်ဆုံး မြန်နှုန်း သည် 54 Mbps အထိရှိ ပြီး 5 GHz frequency ကို အသုံးပြုသည်၊ တဖန် ၂၀၀၃ တွင် အသစ် ဖြစ်သော 802.11g ၏ အမြင့်ဆုံး မြန်နှုန်းသည် 54 Mbps ရှိကာ၊ 2.4 GHz frequency ကို အသုံးပြုသော ကြောင့် အကွာအဝေး အရ ပိုမိုရောက် ရှိနိုင်ပေသည်၊ ၂၀၀၉ တွင် စတင်သော 802.11n ၏ မြန်နှုန်း အမြင့်ဆုံး သည် 300 Mbps အထိ ရှိနိုင်ပေသည်။
နောက်ဆုံး အသုံးပြုနေသည် ကတော့ 802.11ac ဖြစ်ပြီး 2.4 GHz ကော 5 GHz ပါ အသုံးပြုနိုင်ပေသည်၊ 5 GHz နှင့် အသုံးပြုပါက မြန်နှုန်း အမြင့်ဆုံး 1300 Mbps အထိ ရရှိနိုင်ပြီး၊ 2.4 GHz တွင် မြန်နှုန်း အမြင့်ဆုံး 450 Mbps အထိ ရရှိနိုင်ပေသည်၊ ၎င်းသည် 802.11 b/n/g device များနှင့် လည်း ကိုက်ညီမှု ရှိပြီး၊ အတူတကွ သုံးဆွဲနိုင်ပေသည်။
Wi-Fi ကို အိမ်၊ ရုံး၊ ကျောင်း၊ ကုမ္မဏီ များတွင် အသုံးပြုနေသည်ကို တွေ့ရှိရမည်ဖြစ်သည်၊ ပို၍ တိတိကျကျ ဆိုရလျှင်၊ မိမိ ၏ နက်ဝပ် အတွင်း တွင် အင်တာနက် ကို ဆက်သွယ် အသုံးပြုရန် လည်း အလုံးအရေ အတွက် သိပ်မများ ပဲ၊ အင်တာနက် traffic ၏ လုံခြုံရေး သည် လည်း priority မဟုတ်ပါက၊ Wi-Fi ကို ဆက်သွယ် အသုံးပြုနိုင်ပေသည်။
ADSL modem မှ တဆင့် Wi-Fi၊ WiMax မှ တဆင့် Wi-Fi၊ FTTH (fiber to the home) မှ တဆင့် Wi-Fi၊ cellular data carrier ကို အသုံးပြုပြီး 2G, 3G, 4G network တို့မှ တဆင့် Wi-Fi ကိုတည်ဆောက်နိုင်ကာ၊ ဘယ်လို နည်းကို ရွှေးချယ် အသုံးပြုမည် သနည်း ဆိုသည် မှာ မိမိ ၏ အင်တာနက် အသုံးပြုလိုသော device အရေ အတွက် နှင့် Wi-Fi မှ အင်တာနက် သို့ ဆက်သွယ် သော up/down stream မြန်နှုန်း ပေါ်တွင် မူတည်နေပေသည်၊ သေချာ သည် ကတော့ အင်တာနက် ကို မြန်နှုန် မြင့်မြင့် အသုံးပြုနိုင် လေလေ ဈေးပိုကြီးလာ လေလေ ဖြစ်ပေသည်။
#Techonology
WiFi အကြောင်း
Reviewed by NyeinChan
on
May 04, 2017
Rating:
Reviewed by NyeinChan
on
May 04, 2017
Rating:

Post a Comment