Android ပေါ်တွင် Computer သုံးမယ် (VPS စနစ်)

Android ပေါ်မှာ ကွန်ပြူတာသုံးမယ် (Vps စနစ်)
=================================
တောင်းတဲ့သူများလို့ တင်ပေးလိုက်ပါတယ်။ လိုက်မလုပ်ခင် Mobile data နဲ့ သုံးသူတွေက Data package ဝယ်ထားပါ။ အကောင့်စလျောက်တဲ့အခါ bill ကုန်သွားမှာစိုးလို့ပါ။
1. Browser မှာ www.apponfly.com လို့ရိုက်ပါ။
2. အောက်ကိုနည်းနည်းဆွဲချပါ။ Choose Your app ရဲ့ အောက်မှာ All | Paid | Free သုံးခုထဲက Free ကို နှိပ်ပါ။
Mozilla Thunderbird ကို ရွေးပါ။
3. Try one month free ကို နှိပ်ပါ။ ကိုယ်သုံးနေတဲ့ mail အမှန်ကိုဖြည့်ပြီး Start free trail ကို နှိပ်ပါ။ ကိုယ့် mail ထဲကို  support နာမည်နဲ့ email နှစ်စောင် ရောက်နေပါမယ်။
4. mail ထဲကို ဝင်စစ်လိုက်ပါ။ ပထမ email ရဲ့ နံပတ် 2 မှာ ကိုယ့်ရဲ့ mail အကောင့်နဲ့ password ကို ပြထားပါလိမ့်မယ် ၊ မှတ်ထားပါ။
5. အဲ့ email ရဲ့ အောက်နားကို ဆွဲကြည့်လိုက်ရင် attach ထားတဲ့ file 2 ခု တွေ့ရမှာပါ။ AppOnFly for Mac and Android လို့ ရေးထားတဲ့ ဒုတိယဖိုင်ကို ဒေါင်းလုတ်ဆွဲပါ။
*** Browser မှာပဲ ကွန်ပြုတာသုံးချင်တယ်ဆိုရင်တော့ ဒေါင်းစရာမလိုပါ။ စောစောက ဝင်ခဲ့တဲ့ site မှာပဲ password ထည့်ပြီး သုံးလို့ရပါပြီ။ bill ကတော့ ပိုကုန်မှာပါ။
ကျွန်တော်ကတော့ ဆော့ဝဲနဲ့ပဲ သုံးပါတယ်။ Microsoft RD Client ကတော့ Remote Desktop Client တွေထဲက ကျွန်တော်အကြိုက်ဆုံးဆော့ဝဲပါ။ ***
6. Microsoft Remote Desktop ဆော့ဝဲကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ပါ။
Download here
https://m.apkpure.com/microsoft-remote-desktop/com.microsoft.rdc.android
7. ပထမဆုံး email ထဲကနေ ဒေါင်းခဲ့တဲ့ Rdp file လေးကို နှိပ်လိုက်ပါ။ မတွေ့ရင် Download folder ထဲ ဝင်ရှာပါ။
Microsoft  Remote Desktop ထဲ ဝင်သွားပြီး အကောင့်ဖြည့်ခိုင်းပါမယ်။ mail နဲ့ password  ဖြည့်ပေးလိုက်ပါ။ ခနစောင့်ပြီးရင်တော့ သုံးလို့ရပါပြီ။
Computer ရဲ့ internet upload speed ကတော့ နည်းနည်းနှေးပါတယ်။ Download speed ကတော့ 9+++ ပါ။ အရမ်းမြန်ပါတယ် ။ ချက်ချင်းပြည့်တာပါ။
AppOnFly အကောင့်အတွက် Memory သိုလောင်တဲ့နေရာက 25 GB Free ပေးထားပါတယ်။ phone ထဲမှာ ပါတဲ့ ဖိုင်တွေကိုလဲ ဖတ်လို့ရတယ်။  Recycle bin လဲ သုံးနိုင်တယ်။ Computer မှာ ပါတဲ့ browser တွေက Chrome နဲ့ Internet Explorer ပါ။ နှစ်ခုလုံး Download speed အရမ်းကောင်းပါတယ်။ firmware တွေလို ဖိုက်အကြီးကြီးတွေ ဒေါင်းပြီး ကိုယ့် website မှာ ပြန်တင်တာတွေအတွက် အရမ်း အဆင်ပြေပါတယ်။
မူရင်းရေးသားသူ = ကောင်းခန့်ကျော်
#Technology

Android ပေါ်တွင် Computer သုံးမယ် (VPS စနစ်) Android ပေါ်တွင် Computer သုံးမယ် (VPS စနစ်) Reviewed by NyeinChan on May 04, 2017 Rating: 5

No comments

Post AD