မှောင်နေသည့်အချိန်ဓာတ်ပုံရိုက်ခြင်း

ဖုန်းနှင့်ဓာတ်ပုံများမှောင်နေသည့်အချိန်တွင်ရိုက်ကူသည့်အခါ professional ဓာတ်ပုံကောင်းများရရှိရန် ရိုက်ကူးရမည့်နည်းလမ်းများထဲမှကျန်ရှိသည့်နည်းလမ်းများကို အောက်တွင်ဆက်လက်ဖော်ပြထားပါသည်။

မှောင်နေသည့်အချိန်တွင်ဓာတ်ပုံဘယ်လိုရိုက်မလဲ?

စမတ်ဖုန်းကိုင်ထားသည့်လူအတော်တော်များမှာဓာတ်ပုံရိုက်ပါကအလင်းအမှောင်ကိုထိန်းချုပ်ရိုက်ကူးသည့် အခါအချို့စမတ်ဖုန်းများကအလိုအလျောက်ချိန်ညှိပေးသည့်အတွက်တစ်ခါတလေတွင်အလင်းအားနည်းသည့်ဓာတ်ပုံများမှာဖွယ်နေပြီး လူရုပ်များသေချာမသဲကွဲသည့်အဖြစ်မျိုးဖြစ်တတ်ပါသည်။

ထို့ကြောင့်အလင်းအားနည်းချိန်တွင် လူပုံဖြစ်ဖြစ်၊ ရှုခင်းလှပသည့်မြို့တွင်းပုံများရိုက်ကူးခြင်းဖြစ်ဖြစ်အကောင်း ဆုံးမှာ Manual စနစ်ဖြင့်ရိုက်ကူးခြင်းမှာအကောင်းဆုံးဖြစ်ပါသည်။Tripod သုံးပါကပိုမိုအဆင်ပြေမည်ဖြစ်ပြိး ဓာတ်ပုံအယူအဆအတွက်နေ့ဘက်တွင်ရိုက်ကူးသည့်ဓာတ်ပုံများထက်ပိုပြီးနည်းစနစ်များပိုမိုအသုံးပြုရိုက်ကူးရမည်ဖြစ်သည်။

၅။ Sunrise နဲ့ Sunset ဓာတ်ပုံများရိုက်ကူးခြင်း

နေ၀င်ချိန်နှင့်နေထွက်ချိန်များကိုရိုက်ကူးသည့်အခါတွင်အလင်းရောင်နှင့်အမှောင်ကိုကစားရိုက်ကူးမှလှပသည့်နေ၀င်ဆည်းဆာဓာတ်ပုံများကို ရရှိမည်ဖြစ်ပါသည်။

နေ၀င်ချိန်နှင့်နေထွက်ချိန်များကိုထည့်သွင်းရိုက်ကူးမည့် subject များကိုလည်းအလင်းအများကြီးပေးစရာမလိုပဲ ခပ်မှောင်မှောင်အနေအထားမှ နေရောင်နှင့်တိမ်သားပြင်များ၏ အလှကိုပိုပြီးပေါ်လွင်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

နေထွက်ချိန်တွင်ဖြစ်ဖြစ်၊နေ၀င်ချိန်တွင်ဖြစ်ဖြစ်ထည့်သွင်းရိုက်ကူးမည့်မြို့ပြ၏မီးရောင်များနှင့်အတူရိုက်ကူးမိပါက လင်းလက်နေသည့်မီးရောင်များကိုအရမ်းကြီးမပေါ်လွင်စေဘဲ အလင်းများကိုအတတ်နိုင်ဆုံး လျှော့ချပြီး ခပ်ပျပျအနေအထားအဖြစ်ထည့်သွင်းရိုက်ကူးသင့်ပါသည်။

ယင်းဓာတ်ပုံများရိုက်ကူးပြီးပါက အလင်းအမှောင်ချိန်ညှိခြင်း၊ Crap လုပ်ခြင်း၊ Editလုပ်ခြင်းများပြုလုပ်မည်ဆိုပါက Snapseed ကဲ့သို့ App များသုံးစွဲခြင်းမှာပိုမိုကောင်းမွန်စေပါသည်။

၆။ အလင်းရောင်များကို Leading Line အဖြစ် သုံးစွဲရိုက်ကူးခြင်း

ဓာတ်ပုံပညာတွင်အမြဲတမ်းထည့်သွင်းပြောဆိုလေ့ရှိသည့် Leading Line ထည့်သွင်းရိုက်ကူးခြင်းမှာ ညဘက်ဓာတ်ပုံပညာများတွင်အလင်းရောင်များကို Leading Line ဖြစ်နေအောင်ထည့်သွင်းရိုက်ကူးခြင်း မတူကွဲပြားသည့်ဓာတ်ပုံအရသာကိုပေးစွမ်းမည်ဖြစ်ပါသည်။

ညဘက်ဓာတ်ပုံများရိုက်ရန်စဉ်းစားမရပါက အစီအရီထားသည့်ဓာတ်မီးတိုင်များ၏ ဖြာကျနေသည့်အလင်းရောင်များကိုရိုက်ကူးနိုင်သကဲ့သို့အဆောက်အဦးလျှောက်လမ်းရှည်ကြီးထဲတွင် တပ်ဆင်ထားသည့်မီးချောင်းများကိုလည်း Leading Line ပုံစံရိုက်ကူးနိုင်ပါသည်။

Leading Line ဖြစ်နေသည့်အချိန်အခါအမြောက်အမြားရှိနေသောကြောင့်ယင်းဓာတ်ပုံများကို အမိအရ ရိုက်ယူထားခြင်းကလည်းဓာတ်ပုံကောင်းများရရှိရန် ကြိုးစားအားထုတ်မှုတစ်ခုဖြစ်ပါသည်။

Leading Line မဖြစ်ရင်တောင်မီးလင်နေသည့်ပြတင်းပေါက်များ၊ ကားရှေ့မီးများ၊ဆိုင်းဘုတ်များကို ဓာတ်ပုံကြည့်သူ၏မျက်လုံးကအာရုံစိုက်မိအောင်လည်းဖန်တီးရိုက်ကူးနိုင်ပါသေးသည်။

၇။ Long Exposure စမ်းသပ်ရိုက်ကူးဖို့ အကောင်းဆုံး

အလင်းအားနည်းခြင်း(သို့) မှောင်နေချိန်ဓာတ်ပုံရိုက်ကူးခြင်းမှာ Long Exposure ရိုက်ကူးရန်အတွက် အခွင့်အရေးကောင်းအခါသမယပဲဖြစ်ပါသည်။

ပတ်ဝန်းကျင်တွင်ရှိသည့်အရာဝတ္ထုများကိုအလင်းအမှောင်ကောင်းကောင်းချိန်ပြီးရိုက်ကူးနိုင်ပြီး ရွေ့လျားနေသည့် အရာဝတ္ထုများကိုမတူကွဲပြားသည့်အမြင်ဖြစ်အောင်ရိုက်ကူးနိုင်မည်ဖြစ်သည်။

Landscape တွေရိုက်ကူးတဲ့ အခါမှာဆိုရင်Star Tril များကိုလည်း စမ်းသပ်ရိုက်ကူးနိုင်မှာဖြစ်လို မြို့တွင်းမှာ ကားမီးအလင်းတန်းတွေဖြစ်တဲ့ Light trail တွေကိုလည်းဖန်တီးရိုက်ကူးနိုင်မှာဖြစ်ပါသည်။

ထိုကြောင့် Long Exposure  ကိုဖုန်းနဲ့ ရိုက်ကူးမယ်ဆိုရင်တော့ဖုန်းထဲမှာ Camera Manual စနစ်ပါဝင်ရမည်။

မပါဝင်ပါက Manual စနစ်သုံးနိုင်တဲ့ App တွေကို ရွေးချယ်ပြီး ရိုက်ကူးနိုင်ပါတယ်။ အဲ့ဒါ အပြင် Tripod တစ်ချောင်းလည်း လိုအပ်မှာဖြစ်ပါသည်။

၈။ Black & White ပြုလုပ်ရိုက်ကူးခြင်း

ဘက်ဓာတ်ပုံများရိုက်ကူးထားပြီးပြီဆိုပါက Black & White ပြုလုပ်ကြည့်သွင်းပါသည်။

ထိုအချိန်တွင်ဓာတ်ပုံ၏ပုံစံမှာလုံးဝပြောင်းလဲသွားပြီးအမြင်တစ်ခုကိုကောင်းကောင်းလှည့်စားသွားနိုင်သည်ကို တွေ့ရပါသည်။

လူပုံမှာဆိုရင်အရိပ်ကျနေသည့်နေရာများနှင့် လှပမှုများလမ်းမထက်ကအလင်းအမှောင်အဖြူအမည်း အားပြိုင်မှုများကိုထပ်မံမြင်တွေ့ရမည်ဖြစ်ပါသည်။

ထိုဓာတ်ပုံများကို မိုဘိုင်းဖုန်းရိုးရိုးကင်မရာနှင့်ကာလာအနေဖြင့်ရိုက်ကူးပြီးအဖြူအမည်းပြန်လည်ပြုပြင်နိုင်သလို အခုနောက်ပိုင်းအချို့ မိုဘိုင်းဖုန်းတွေမှာ အဖြူအမည်းတစ်ခါတည်းရိုက်ကူးနိုင်အောင် Monocrome စနစ်တွေကိုထည့်သွင်းပေးထားကြပါသည်။

မိုဘိုင်းဖုန်းအတွက်အဖြူအမည်းပုံအဖြစ်ပြန်လည်ပြုပြင်ဖို့အတွက် Shapseed, Dynamic Black & White, Light Room စတဲ့ App များကတော်တော်ကောင်းမွန်နေသည်ကိုတွေ့ရပါသည်။

Source:internet journal

မှောင်နေသည့်အချိန်ဓာတ်ပုံရိုက်ခြင်း မှောင်နေသည့်အချိန်ဓာတ်ပုံရိုက်ခြင်း Reviewed by NyeinChan on May 31, 2017 Rating: 5

No comments

Post AD